စိတ်စေရာ

စိတ်စေရာ ”သူငယ်ချင်း ငါတော်တော်အခက်အခဲ ဖြစ်နေလို့ပါကွာ။ကူညီပေးပါလား” ”ခက်တယ်ကွာ။မင်းကလဲ ဇွတ်ကြီးပဲ။အေး ရရင် ငါ ပြောမယ်။မင်းကိုဆက်သွယ်လို့ရမယ့်ဖုန်းပေးခဲ့”   ”အေးအေး ကျေးဇူးတင်ပါတယ်ကွာ”  ငြိမ်းချမ်း တယောက် မငြိမ်းချမ်းနိုင် သေးပါ။သူထောင်ကလွတ်လာတာမကြာသေး။သူထောင်ကျရတာလဲ ခုသူမျက်နှာအောက်ကျပြီးအကူအညီတောင်းနေရတဲ့ ဝေယံ ဟိန်းရဲ့ အပြစ်လဲမကင်းပေ။သူတို့တွေက တောင်ကြီးနည်းပညာတက္ကသိုလ်က ပထမနှစ်ကတည်းက တဆောင်တည်းနေခဲ့ခင်ခဲ့ကြ တဲ့သူငယ်ချင်းတွေ။မေဂျာတွေမတူကြပေမယ့် ဆိုးဖော်ဆိုးဖက်ငတ်ဖော်ငတ်ဖက်တွေမို့ ညီအကိုတွေထက်ချစ်ကြသည်။သူက မိဘ မရှိ။ဦးလေးဖြစ်သူက ကြည့်ရှူ့စောင့်ရှောက်ထားတာ။ညီအကိုသားချင်းမရှိတော့ သူငယ်ချင်းတွေကို အရမ်းမင်သည်။ဒါကြောင့် …