ညဆိုင်းအပြန်

ညဆိုင်းအပြန် စက်ရုံကနေညဆိုင်းဆင်းပြီးပြန်လာတော့ ညကိုးနာရီခန့်ပင်ရှိနေချေပြီ။ ဒီနေ့ညမှ အရင်ကပို့ပေးနေကျ ဖယ်ရီ ဒရိုင်ဘာနေမကောင်းသဖြင့် ကိုယ့်အစီအစဉ် နှင့်ကိုယ်ပြန်ရလေသည်။  ယခင်ကဆိုလျှင်တော့ အတူပြန်နေကျ တစ်ရပ်ကွက်ထဲနေ သူငယ်ချင်းမတွေရှိပေမဲ့ ယခုတော့ အမ်ားစုက စက်ရုံပြောင်းသွားကြ သည်မို့ မြသီတာတစ်ယောက်ထဲဖြစ်နေသည်။   ရှေ့သုံးလမ်းကျော်လောက်ဆို အိမ်နားရောက်ခါနီးပြီမို့ မြသီတာ သတ္တိမွေးအားတင်းပြီးလျှောက်လာခဲ့ သည်။ လမ်းမီးတိုင်တွေကလဲ မီးမလင်းတာကများနေတော့ လမ်းကအတော်လေးမှောင်သည်။   မြသီတာတို့ ရပ်ကွက်နားတစ်ဝိုက်ကလမ်းတွေက ညဆို လူပြတ်လေရာ…