ပထမဆုံးသော

ပထမဆုံးသော ကျွန်မကျူရှင်ကို နောက်ကျမှ ရောက်သွားပြန်သည်။တံခါးကို ဖွင့်ကာ စာသင်ခန်းထဲ ဝင်ရန် ခွင့်တောင်းလိုက်တော့ ဆရာက သင်နေတာကိုရပ်ပြီး လှမ်းကြည့်သည်။ ”မင်း ထပ်ပြီးနောက်ကျပြန်ပြီ။လာ မြန်မြန်ဝင်။နောက်တစ်ခါ ဆို နောက်မကျစေနဲ့။ဆရာက အချိန်တိကျမှကြိုက်တာ အားလုံးမှတ်ထားနော်’ အတန်းသားတွေ ရှေ့တွင် အပြောခံနေရ၍ မကြည်ချင်သည့်စိတ်က တိုသွားသည်။ ” ၁၅မိနစ်လောက်ပဲ နောက်ကျတာပါ ဆရာကလည်း” ကျွန်မကပြန်ပြောလိုက်သည့် အသံတွင် စိတ်မကျေမနပ်မှုပေါ်လွင်နေသည်။တကယ်တော့…