အတိတ်

အတိတ် “ဆရာလေး..ထန်းရေချိုလေးသောက်ဦးမလားဗျ…” ထန်းတောရှေ့မှ ဖြတ်သွားသော ကျောင်းဆရာလေး တင့်ဆွေကို ရွာမှကာလသားခေါင်းကိုချက်ကြီးက နှုတ်ဆက်လိုက်သည်။ ဆရာလေးကား သဘောကောင်းသည်၊ စာသင်ပြလည်းကောင်းသည်။ ဒါပေမဲ့ ဆရာလေးအကြောင်းကိုတော့ချက်ကြီးမသိ။ (၄)တန်းနှင့်ကျောင်းထွက်ခဲ့သော ချက်ကြီးအဖို့ သူနှင့် ရွယ်တူဖြစ်သော ဆရာလေးလို ပညာတတ်တစ်ယောက်ကို မိတ်ဆွေ ဖြစ်ခွင့်ရသည့်အတွက် တော်တော်ဝမ်းသာနေသည်။ ဆရာလေးကား ကိုချက်ကြီးရှိရာဆီသို့လာခဲ့သည်။ “အေးဗျာ…သောက်တာပေါ့…” “ဒေါ်အေးမိရေ..ဆရာလေးအတွက် တစ်မြူပေးပါဗျို့..” “လာပါပြီတော်..လာပါပြီ…” ထန်းတောပိုင်ရှင် ဦးမောင်ငယ်မိန်းမ…