ငတ်နေမှန်းသိလို့
ငတ်နေမှန်းသိလို့ ကျနော်တို့ရွာကနည်းနည်းခေါင်တယ်။အိမ်ခြေငါးရာလောက်တော့ရှိတယ်။ရွာမှာကဓလေ့ထုံးစံလေးတွေရှိကြတာပေါ့ဗျ။လူငယ်တွေပီပီအ ပျော်လွန်တာလဲရှိတယ်။ပြသနာမတက်အောင်တော့ရွာကကာလသားခေါင်းဆောင်ကိုမင်းခန့်မောင်ကထိန်းရတယ်။သူကမိန်းမရှိတယ်ဆရာမပေါ့။ဒါပေမယ့်တနယ်မှာကျောင်းပြနေရတယ်။သုံးလတကြိမ်လောက်တော့ပြန်လာလေ့ရှိတယ်။မိန်းမကအိမ်မှာမရှိတော့ရွာအလုပ်ကိုလည်းကူလုပ်လေ့ရှိတာမို့ကာလသားခေါင်း ဆောင်အဖြစ်တာဝန်ပေးထားရတယ်။အခု လည်းကျနော်တို့သူ့တဲအိမ်မှာစတေးချရင်း ထွေရာလေးပါးပြောနေကြတာပါ။ဒီမှာကသူ့ခြံရှိတော့အေးဆေးနေလို့ရတယ်။ “ဟေ့ကောင် ငရဲ” “ဘာတုန်းဟ” “မင်းယောက်ဖဇိုးကြီးလာနေပြီ” “အာတိုးတိုးပြောပါဗျ။ကြားသွားလို့အိမ် တောင်မလည်ရဖြစ်မယ်” “အေးပါကွ ငါတို့မသိချင်ယောင်ဆောင်ပါ့မယ် “ ”ဟုတ်ကိုမင်းခန့်” “ဟေ့ကောင်တွေဘာလုပ်နေကြလဲ ” “အေး ကွာ...