အညတရ
အညတရ လက်ထဲမှာ ပူခနဲဖြစ်သွားသဖြင့် ဝေလင်း တစ်ယောက် ငေးမောပြီး အတွေးနွံထဲနစ်နေရာမှ သတိဝင်လာသည်။ သူ့လက်ထဲကစီးကရက်မီးက အစီခံကို ထိလာပြီးသူ့လက်ကို အပူဟပ် သွားသည့်တိုင်အောင် သူ့အသိစိတ်တွေက ဆုံးစမဲ့လွင့်မျှောနေခြင်းဖြစ်သည်။ ဝမ်းနည်းစိတ်တွေကြောင့် သူ့ရင်ထဲမှာပြည့်ကျပ်နေသည်။ ဖေဖေ၊မေမေရဲ့သားအရင်းမဟုတ်ဖူးဆိုသော အသိကသူ့ရင်ထဲမှာ လွမ်းမိုးနေသည်။...