အတန်းဖော်သူငယ်ချင်း
အတန်းဖော်သူငယ်ချင်း နီလာတစ်ယောက်အလုပ်ကိစ္စနှင့် ရန်ကုန်ကိုရောက်လာသည်။မနေ့ညနေကကားစီးမနက်ရန်ကုန်ရောက်တော့တစ်ဦးတည်း ယောင်ချာချာဖြစ် နေတော့ငယ်သူငယ်ချင်းဖြစ်တဲ့ ဂျော့ကိုသတိရလိုက်သည်။ဂျော့ဆိုတာကငယ်ငယ်ကတည်းကအတူ စားအတူ ကစားနေခဲ့တဲ့အကောင် တရပ်ကွက်လုံးမှာမိန်းကလေးတွေ ချည်းမွေးထားကြတဲ့ကြားကသူ တစ်ယောက်တည်းပဲယောက်ျား လေးပါတော့သူငယ်ချင်းအားလုံးရဲ့ကစားဖော်ယောက်ျားလေး။မိသားစုထဲမှာသားအကြီးမြေးအကြီးဝိုင်း ချစ်ကြတဲ့အကောင်၊ ရပ်ကွက်ကလဲ ချစ်ကြတယ်။တမျိုးလုံးသည်းသည်းလှုပ်တော့မုန်းဖို့ကောင်းပေမယ့် လူကလူဆိုးတော့မဖြစ်ဘူး။ခင်စရာ အရမ်း ကောင်းတယ်။ဒီကောင်ကို ခေါ်ပြီးနှိပ်စက်မယ်တွေးကာဖုန်း ဆက်လိုက်တယ်။...